ခန္ဓာကိုယ် သန့်စင်ပြီး သွေးလှဲ့ပတ်မှုကောင်းမွန်စေရန်။

Standard

အထွေထွေ ကျန်းမာရေး ကောင်းမွန်စေရန်နှင့် တုပ်ကွေးရောဂါတို့ကို ကာကွယ်ရန်နှင့် ကုသရန်အတွက် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတခုကို တင်ပြလိုပါတယ်။

 

မီးဖိုချောင်နဲ့ အိမ်တိုင်းလိုလိုမှာ ရှိတတ်တဲ့ ကြက်သွန်နီကို ခြေဖဝါးမှာ အလွာသဘောမျိုးအနေနဲ့ ပြုလုပ်ပြီး ကြက်သွန်နီရဲ့ အာနိသင် စီးဝင်စေခြင်းဖြစ်ပါတယ်။

ဟိုအရင် ဘိုးဘေးဘီဘင် လက်ထက်များတုန်းက ဆေးဝါးတွေ မပေါ်သေးတဲ့ အချိန်မှာ ယင်းကို အနာရောဂါများ ပျောက်ကင်းစေရန် အသုံးပြုခဲ့ကြပါတယ်။

 

ခြေဖဝါးဟာ ကျန်းမာရေးအတွက် ဗဟိုချက်မ တခုဖြစ်တယ်ဆိုတာ ကြားဖူး နားဝ ရှိကြပါလိမ့်မယ်။ ဒီရိုးရှင်းတဲ့ နည်းလမ်းဟာ ခြေဖဝါးကနေတဆင့် ကျန်းမာရေးကို အထောက်ကူ ပြုနိုင်ပါတယ်။

 

လိုအပ်တဲ့ အရာတွေကတော့

၁။ ကြက်သွန်နီ

၂။ ပလတ်စတစ် အကြည် (မီးဖိုချောင်သုံး)

၃။ ခြေအိတ် တို့ပဲဖြစ်ကြပါတယ်။

တကယ်လို့များ ခန္ဓာကို သန့်စင်ဖို့၊ သွေးလှဲ့ပတ်မှု ကောင်းစေဖို့နဲ့ ဘက်တီးယီးရား ပိုးမွားတွေ ရန်ကနေ ကာကွယ်ဖို့ဆိုရင် ဆေးသောက်မနေပါနဲ့။

လုပ်ရမှာကတော့

♦ကြက်သွန်နီကို အကွင်းပါးပါးလေးတွေ လှီးပါ။ သူ့မှာပါဝင်တဲ့ အရည်လေးတွေ ထွက်လာအောင် မိနစ် အနည်းငယ် စောင့်ပါ။

♦ပြီးရင် မီးဖိုချောင်သုံး ပလတ်စတစ်နဲ့ ခြေဖဝါးအောက်မှာ ထားပြီး ပတ်ပါ။ မီးဖိုချောင်သုံး ပလတ်စတစ်က စူပါမတ်ကတ်တွေမှာ အလွယ်တကူရနိုင်ပြီး သူ့ကိုသုံးရတာကတော့ ရိုးရိုး ပလတ်စတစ်တွေနဲ့ မတူပဲ တင်းတင်းရင်းရင်းရှိအောင် ပတ်နိုင်ပြီး အနံ့အသက်ကလဲ သူများတွေကို အနှောက် အယှက်မပေးနိုင်တော့ ပါဖူး။

♦ပြီးရင်တော့ ခြေအိတ် ဝတ်လိုက်ပါ။

♦ပလတ်စတစ် မသုံးပဲ ခြေအိတ်ထဲမှာ တိုက်ရိုက်ထဲ့ပြီး အသုံးပြုနိုင်ပါတယ်။ ကြက်သွန်နီနဲ့ တိုက်ရိုက်ထိလို့ မတဲ့သည့် အသားအရေတွေအတွက်တော့ ကြက်သွန်နီကို ထောင်းပြီး ခရင်တခုခို ဒါမှမဟုတ် ဆီတမျိုးမျိုးနဲ့ ရောစပ် အသုံးပြုပါ။

♣အားလုံးပြင်ဆင် ပြုလုပ်ပြီးသွားရင် တခါထဲ အိပ်လိုက်ပါတော့။ ကြက်သွန်နီမှာ ပါဝင်တဲ့ အစွမ်းသတ္တိများဟာ ခြေဖဝါးမှ တဆင့် သွေးကြောတွေထဲကို ရောက်ရှိသွားပြီး ဘက်တီးရီးယားများကို တွန်းလှန်ရန်၊ သွေးလှဲ့ပတ်မှု ကောင်းစေရန်နှင့် ကိုယ်တွင်းအညစ် အကြေးများကို ဖယ်ထုတ်ခြင်း အစရှိသည်တို့ကို ပြုလုပ်ပါလိမ့်မယ်။

♣မျက်ရည်ကျအောင် ပူတဲ့ကြက်သွန်နီဆို ပိုမိုကောင်းမွန်ပါတယ်။ မနက်မိုးလင်းတဲ့အခါမှာ ကြက်သွန်နီတွေကို ဖယ်လိုက်ပြီး ရေအေးဖြင့်ဆေးကြောပါ။ ခြေထောက်အေးပါက ခြေအိတ် ပြန်လည် ဝတ်ထားနိုင်ပါတယ်။

♣ကောင်းမွန်တဲ့ သွေးလှဲ့ပတ်မှုကြောင့် အလွန်သေးငယ်တဲ့ သွေးကြောများထိပါ ရောက်ရှိစေပါတယ်။ အထူးသဖြင့် သွေးလှဲ့ပတ်မှု နည်းသူများနှင့် ဆီးချိုဝေဒနာရှင်များအတွက် ကောင်းမွန်သည်။

♠အထွေထွေ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်စွမ်း ရှိတဲ့အတွက် ရောဂါအမျိုးမျိုးအတွက် အသုံးပြုနိုင်ပြီး ကျန်းမာရေး လုံးဝကောင်းမွန်နေသူများပါ အသုံးပြုနိုင်ပါတယ်။

♠အအေးပတ် ဖျားနာခြင်း၊ အဆုတ် လည်ပင်း ရောင်ရမ်းခြင်း နှင့် အဖျားရှိချိန်တွေမှာ ညအချိန် ပြုလုပ်လိုက်ရင် နောက်တနေ့မှာ ထူးခြားတဲ့ သက်သာမှုကို ခံစားနိုင်သည်။

♠အအေးပတ် တုပ်ကွေးဖျားနာခြင်းအတွက်မူ တကြိမ်ထဲ မပြုလုပ်ပဲ ဝေဒနာ သက်သာသည်အထိ ဆက်တိုက်ပြုလုပ်ပါ။ ခြေထောက်ကွဲခြင်းများနှင့် အသားမာ တက်ခြင်းတို့ကိုပါ သက်သာစေပါတယ်။

ခန္ဓာကိုယ် သန့်စင်စေရန်နှင့် သွေးလှဲ့ပတ်မှု ကောင်းစေရန် အတွက်ကတော့ မကြာမကြာ အလျှင်းသင့်သလို ပြုလုပ်ပေးနိုင်ပါတယ်။

ဆက်စပ်ပို့စ်များဖတ်ရန်။

  1. အလွယ်တကူရနိုင်တဲ့ ပင်စိမ်းရွက်၏ အသုံးဝင်ပုံများ (၂)( http://wp.me/p4XsLz-z)
  2. ခွေးတွေအတွက် အစားအစာမှာ ကြက်သွန်နီ ထဲ့သင့်သလား(http://wp.me/p4XsLz-Z)
  3. ညဖက် ခြေအိတ်ဝတ်အိပ်ခြင်း(http://wp.me/p4XsLz-5J)
  4. ခြေထောက်ကွဲတတ်သူများအတွက်(http://wp.me/p4XsLz-5H)

ဝင်းလှိုင်ဦး
ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ
www.winnhlaingoo.wordpress.com

ပို့စ်များကို လွတ်လပ်စွာ ကူးယူဝေငှနိုင်ပါသည်။ ကျေးဇူးပြု၍ အမည်နှင့် ပေ့ခ်ျနာမည်ကို ချန်လှပ်ထားခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

Leave a comment