အလွယ်တကူရနိုင်တဲ့ ပင်စိမ်းရွက်၏ အသုံးဝင်ပုံများ (၂)

Standard

နေရာမရွေးမှာ အလွယ်တကူ ရနိုင်သော ပင်စိမ်းရွက်၏ အသုံးဝင်ပုံများ (၂)

 

၈)      ပင်စိမ်းရွက် ၁၂ ရွက်ခန့်ကို နေ့စဉ်ဝါးစားပေးခြင်းဖြင့် သွေးသန့်ရှင်း စင်ကြယ်အောင် လုပ်ဆောင်ပေးနိုင်ပြီး စိတ်ဖိစည်းမှုကိုလျှော့ချပေးနိုင်သလို စိတ်ကိုအမြဲတန်း လန်းဆန်းကြည်လင် အောင်လုပ်ဆောင်ပေးနိုင်သော Anti Stress Agent အဖြစ် အသုံးပြုနိုင်သည်။

၉)      ပင်စိမ်းရွက် အရည် ၁၀ဂရမ်၊ ဒိန်ချဉ် သို့မဟုတ် ဒိန်ခဲ ၂၀-၃၀ ဂရမ်နှင့် ပျားရည် ၂ဇွန်း ၃ဇွန်းခန့်ဖြင့် ရောစပ်ပြီး နေ့စဉ်မပြတ်သောက်သုံးပေးပါက ကင်ဆာ ရောဂါကို ကုသနိုင်ပါသည်။

၁၀)    ပင်စိမ်းရွက်နှင့် ဒိန်ချဉ် တွဲဖက်စားသုံးဖြင်းဖြင့် အဝလွန်ခြင်းကို ထိန်းချုပ်ပေးနိုင်ပြီး ကိုယ်ခန္တာတွင်းရှိ သွေးဆဲလ်သစ်များ လွယ်ကူစွာဖြစ်ပေါ်စေရန် အားပေးသည်။

၁၁)    ဗိုက်တာမင်အေ ကြွယ်ဝစွာပါဝင်သောကြောင့် မျက်စိကျမ်းမာရေးအတွက် အလွန်အရေးပါအရာရောက်သည်။ ပင်စိမ်းရွက် အနည်းငယ်ကို ရေတွင်ခေတ္တခဏ နှစ်ပြီး မျက်စိကို နေ့စဉ် နံနက်တိုင်းနှင့် အိပ်ယာဝင်ခါနည်းတွင် ဆေးကြောပေးပါက မျက်စိနာ၊ မျက်မြှေးရောင်၊ နှင့် မျက်စိနှင့်ပက်သက်သော ရောဂါများကို ပျောက်ကင်းနိုင်သည်။ မျက်စိတဝိုက်တွင် ဖြစ်ပေါ်တတ်သော အရေးအကြောင်းများကို သက်သာစေသည်။

မျက်စိအမြင်အာရုံကျဆင်းခြင်း၊ အတွင်းတိမ်နှင့် ရေတိမ်ဖြစ်ခြင်းများကို ပင်စိမ်းရွက်၂ရွက်ခန့် နေ့စဉ်ဝါးစားခြင်းဖြင့် ကာကွယ်နိုင်သည်။ ဗိုက်တာမင်အေချို့တဲ့ခြင်းကြောင့် ဖြစ်တတ်သော ညအချိန် သဲကွဲစွာ မမြင်ခြင်း များကို ပင်စိမ်းရွက်ရည်က ထိရောက်စွာ ကုသပေးနိုင်သည်။

၁၂)    ပင်စိမ်းရွက်ကို နေရောင်အောက်တွင်ထားကာ အမှုန့်ပြုလုပ်၍ မုံညှင်းဆီနှင့်ရောနှောကာ သွားတိုက်ဆေးအဖြစ်သော်လည်းကောင်း၊ ရေစီးကမ်းပြိုရောဂါအတွက် သွားဖုံးများကို ပွတ်တိုက်ပေးခြင်းဖြင့်လည်းကောင်း သွားများအတွင်းဂျိုးကပ်ခြင်းများကိုလည်းကောင်း သွားနှင့်သွားဖုံး ပက်သက်သော ရောဂါများအတွက် အသုံးပြုနိုင်သည်။

၁၃)    ပင်စိမ်းရွက်ကို ဝါးစားခြင်းဖြင့် သွားတိုက်ဆေး၊ပီကေ အစားထိုးပစ္စည်းအဖြစ်အသုံးပြုနိုင်ပြီး ခံတွင်းနံ့ဆိုးခြင်းကို ဖယ်ရှားပေးသည်။

၁၄)    ဆေးလိပ်ဖြတ်ရခက်နေသူများအနေဖြင့် နီကိုတင်းအစားထိုးဆေးများ၊ ရသာဖြည့်ပီကေနှင့် အခြားချိုချဉ်၊သကြားလုံးများထက် ပင်စိမ်းရွက်ကိုဝါးစားပေးခြင်းက ဆေးလိပ်သောက်ချင်စိတ် ဖြစ်ပေါ်လာခြင်းကို အာရုံပြောင်းပေးနိုင်ပြီး နှစ်ပေါင်းများစွာ ဆေးလိပ်သောက်ခြင်းကြောင့် ပျက်ဆီးမှုရှိသော လည်ပင်းကို ပြန်လည်ပြုပြင်ပေးသည်။

၁၅)    ပျားရည်နှင့် ပင်စိမ်းရွက်ရည်ကို ၆လပုံမှန်သောက်ပေးခြင်းဖြင့် ဆီးကျောက်များကို ဆီးလမ်းကြောင်းအတွင်းမှ ထွက်လာစေသည်။

၁၆)      ဦးခေါင်းကိုက်ခဲခြင်းများအတွက် ပင်စိမ်းရွက် စားပွဲတင်ဇွန်း (၁) ဇွန်း

ရေနွေး ၂ခွက်ခန့်ကို အိုးထဲထဲ့၍

မျက်နှာကို ရေနွေးငွေ့အိုးဆီသို့ အနည်းငယ်ကပ်ကာ ၅မိနစ်မှ ၁၀မိနစ်ထိ ရှုပေးပါ။ ထိုသို့ရှုနေစဉ်အတွင်း ဦးခေါင်းနှင့် အိုးကို မျက်နှာသုတ်ပုဝါ၊ အဝတ်တို့ဖြင့် အုပ်၍ရှုပါ။

စန္ဒကူးနံ့သာဆီနှင့် ချေမွထားသော ပင်စိမ်းရွက် တို့ကိုရောစပ်ပြီး နှဖူးပေါ်တွင်လိမ်းနိုင်သည်။

၁၇)      ပင်စိမ်းရွက်ဆီ၊ ပျားရည်နှင့် ချင်း တို့ကို အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ အထူးသဖြင့် ချောင်းဆိုး ရင်ကျပ် ပန်းနာနှင့် အအေးမိဖြင်းတို့ကိုသုံးနိုင်သည်။

တုပ်ကွေးဖျားနာအတွက်ကိုမူ ပင်စိမ်းရွက်နှင့် လေးညှင်းပွင့်ကို ရေလီတာဝက်ထဲတွင် ဆူအောင်ကြိုပြီး ဆားအနည်းငယ် ထဲ့သောက်ပါက လျှင်မြန်စွာ သက်သာပျောက်ကင်းနိုင်သည်။

၁၈)      ပင်စိမ်းရွက် သည်ခန္တာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ယင်းအရွက်ကို လက်ဖက်ရည်ကဲ့သို့ သောက်ပါက သွေးဖိအားကို ထိန်းညှိပေးသည့် အပြင် ကိုလက်စရောနှင့် သွေးအချိုဓါတ် ကိုပါ လျှော့ချပေးသည့်အတွက်ကြောင့် နှလုံးနှင့်ဆိုင်သော ရောဂါများဖြစ်ပွားခြင်းကို ကာကွယ်ပေးသည်။

အရွက်ကို အစိမ်းလိုက်ဝါးစားခြင်းဖြင့်လည်းကောင်း အရေပြားပေါ်တွင် သုတ်လိမ်းခြင်းဖြင့်လည်းကောင်း အရေပြားကို နုပျိုစေပြီး ဖြစ်ပေါ်စေနိုင်သော ရောဂါများမှ ကာကွယ်ပေးသည်။

၁၉)      မျက်နှာနှင့် လည်ပင်းတဝိုက်တွင် ဖြစ်ပေါ်တတ်သော အဖုအပိမ့်များနှင့် ဝက်ခြံများကို ကာကွယ်ပေးနိုင်သည်။ ဘက်တီးရီးယားနှင့် မှိုများကြောင့် ရောင်ရမ်းချင်းများကို စန္ဒကူးဆီ၊ မဟော်ဂနီ တို့နှင့် ရောစပ် လိမ်းပေးနိုင်သည်။

 

၂၀)      မျက်နှာပြင်ပေါ်မှာ ပင်စိမ်းရွက်ခြောက်တွေကို ပွတ်တိုက်ပေးခြင်းဖြင့် အရွယ်တင် နုပျိုသစ်လွင်သော အရေပြားကို ရရှိနိုင်သည်။

၂၁)      နှာခေါင်းဘေးဖက်တွေမှာ ပင်စိမ်းရွက်လေးတွေကို ရေဆွတ်ပြီး ၅မိနစ်လောက်ကပ်ပြီး မျက်နှာသစ်လိုက်ရင် ဆားဝက်ခြံလေးတွေကို စုပ်ယူသွားတာကို တွေ့ရလိမ့်မယ်။

၂၂)      အမှုန့်ပြုထားသော ပင်စိမ်းရွက် ၂၀၀ ဂရမ်နှင့် နှမ်းဆီဆတူ ရော၍ ယားနာများကို သုတ်လိမ်းနိုင်သည်။ ပွေးယားနာအတွက် ပင်စိမ်းရွက်မှုန့် နှင့် သံပုရာရည်ကို ရောစပ်လိမ်းပေးနိုင်သည်။ ပုံမှန်စားသုံးခြင်းဖြင့် အရေပြားပေါ်တွင် ဖြစ်တတ်သော အဖြူကွက်များကို ပျောက်ကင်းနိုင်သည်။

၂၃)      မိမိနေ့စဉ်သုံးခေါင်းလိမ်းဆီ၊ အုန်းဆီထဲသို့ ပင်စိမ်းရွက်များကို ရောစပ်ပြီးလိမ်းပေးပါက ဦးရေပြားအေးခြင်း၊ ခေါင်းချွေးထွက်ခြင်း၊ ဆံပင်များ ပိုမိုရှင်သန်စေရန် အားပေးသည်။ ခေါင်းလျှော်ရာတွင်လည်း ထဲ့သုံးခြင်းဖြင့် ဆံပင်ဖြူခြင်း၊ ကျွတ်ခြင်းများကို ကာကွယ်သည်။ ဆံပင်ပါးခြင်းနှင့် ကျွတ်ဆတ်ကျိုးလွယ်ခြင်းများအတွက်လည်း သုံးနိုင်သည်။

ဆံပင်မွေးညှင်းပေါက်လေးများကို လှုံ့ဆော်ပေးပြီး သန်မာသော ဆံပင်များ ထွက်လာစေရန် အားပေးသည်။

၂၄)      ရောင်ခြည်များကြောင့် ဆဲလ်များ ပျက်ဆီး၊သေဆုံးခြင်း များကိုကာကွယ်ပေးနိုင်သည်။

 

ဒီအထဲမှာပါတဲ့ ပင်စိမ်းပင်အမှုန့်လုပ်ဖို့ အခြောက်ခံတဲ့နည်းတွေကို နောက်ပို့စ်တွေမှာ အလျှင်းသင့်သလို တင်သွားပါ့မယ်။

တိုက်ခန်းပေါ်မှာတောင် စိုက်လို့လဲလွယ် အလွယ်တကူလဲဝယ်သုံးနိုင်တဲ့ ပင်စိမ်းပင်အသုံးဝင်ပုံတွေဖြစ်ပါတယ်။

 

 

ဝင်းလှိုင်ဦး

https://www.facebook.com/winnhlaingoo.wordpress

ကိုးကား- အင်တာနက်

လိုအပ်သလိုဖြည့်စွက်၍ ပြန်လည်ဝေငှနိုင်ပါသည်။

Leave a comment