၂၀၂၄ ခုနှစ် ဘောလုံးရာသီအတွက် ရန်ကုန်ယူနိူက်တက်အ သင်း၏ ယူ ၂၀ ကစားသမားများ ရွေးချယ်ပွဲအား ဧပြီ (၂၂) ရက် နံနက်(၇)နာရီ အချိန်မှစတင်၍ ရွေးချယ်ခေါ်ယူသွားမ ည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လူရွေးချယ်ပွဲကို ဧပြီ(၂၂)ရက်မှ ဧပြီ(၂၆)ရက်အထိ Yangon United Sports Complex ကွင်းတွင် (၅)ရက်ကြာပြုလုပ်သွားမည်ဖြစ်သည်။
ရွေးချယ်ခံရသည့် ကစားသမားများအား ရန်ကုန်ယူနိုက်တ က် ယူ ၂၀ ဘောလုံးအသင်းအတွက် လိုအပ်သည့်နေရာများ ၌ ထပ်မံဖြည့်တင်းရန်အတွက် ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
လာရောက်ရွေးချယ်ခံသူများအနေဖြင့် ၂၀၀၄ ခုနှစ် ဇွန်လ (၁)ရက်နောက်ပိုင်း မွေးဖွားသူဖြစ်ရမည်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက် အသင်းတွင် ပါဝင်ကစားနိုင်မည့်အခွင့်အရေးကော င်းတစ်ခုဖြစ်သည့်အတွက် စိတ်ပါဝင်စားသည့် လူငယ်ဘော လုံးအားကစားသမားများ လာရောက်အရွေးချယ်ခံနိုင်ကြော င်း အသင်းက ဖိတ်ခေါ်ထားသည်။
ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့် ၂၀၂၄ မြန်မာအမျိုး သမီးလိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးကစားသမား(၂၄)ဦးကိုလည်း ရွေးချယ်ခဲ့ပြီး၊ လက်ရှိတွင် လေ့ကျင်ပြင်ဆင်လျက်ရှိကာ ခြေစမ်းပွဲစဥ်များယှဉ်ပြိုင်ကစားသွားရန် ရှိကြောင်း သိရသည်။