‎နို့ရည်တိုက်ကျွေးနေသော နတ်မိမယ်လေးများ‬

Standard

Ivette Ivens လို့ အမည်ရှိတဲ့ ဓာတ်ပုံဆရာမ တစ်ဦးဟာ မိခင်တွေ အများတကာရှေ့မှာ မိမိကလေးငယ်ကို နို့ရည်တိုက်ကျွေးတာနဲ့ ပက်သက်ပြီး ရှက်စိတ်မဝင်သင့်ကြောင်းကို သူမရဲ့ ဓာတ်ပုံပညာကို အသုံးပြုပြီး လူအများသိအောင် ပြုလုပ်ခဲ့ပါတယ်။

“နို့ရည်တိုက်ကျွေးနေသော နတ်မိမယ်လေးများ” လို့အမည်ရတဲ့ ဓာတ်ပုံခေါင်းစဉ်နဲ့ မိခင်များ နို့ရည် တိုက်ကျွေးနေပုံကို အလွန်နူးညံ့တဲ့ ဓာတ်ပုံတွေဖြစ်အောင် ဖန်တီးခဲ့ပါတယ်။


“ကျမကိုတိုင် ရရှိခဲ့တဲ့ အတွေ့အကြုံကနေ နေ
ရာတိုင်းမှာ ရှိနေတဲ့ မိခင်တွေနဲ့ မိခင်မဖြစ်သေးသူတွေကို သိစေချင်တာကတော့ အချိန်မရွေး၊ နေရာမရွေးမှာ နို့ရည်တိုက်ကျွေး နိုင်တယ်ဆိုတာပါပဲ” လို့ သူမက
ရှင်းပြခဲ့ပါသေးတယ်။


ဆိတ်ငြိမ်ပြီး အပြင်ရှုခင်းတွေမှာ အဝတ် တကိုယ်လုံးနည်းပါး ပေါ်လုနည်း ပုံတွေနဲ့ အချို့ကတော့ ကိုယ်လုံတယ်ဆိုရုံမျှသာ ဝတ်ထားတာတွေနဲ့ ပက်သက်ပြီး သူမက ပြောဆိုရာမှာ

“ကျမရဲ့ ပုံတွေဟာ သဘာဝ တရားနဲ့ ဝေးကွာနေတယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ ကျမဆိုလိုချင်တာက မိခင်တိုင်းဟာ ကလေးကို နို့ရည်တိုက်ကျွေးစဉ်မှာ ဘယ်လိုခံစားမှုမျိုး ဖြစ်ပေါ်တယ် ဆိုပါပဲ”

လို့ပြောပြခဲ့ပါတယ်။

ကဲ့ ကျန်းမာရေး ရှုဒေါင့်၊ ဓာတ်ပုံပညာ ရှုဒေါင့်များမှ ခံစားကြည့်ရှုနိုင်ရန်
ပြန်လည် တင်ပြလိုက်ရပါတယ်။

ဆက်စပ်ပို့စ်များ ဖတ်ရန်။

မိခင်လောင်းများအတွက် အုန်းသီးနုရည်(http://wp.me/p4XsLz-6d)
“ကိုယ်ဝန်ဆောင်စတွင် ပျို့အန်လိုခြင်း (Morning Sickness) အတွက် သဘာဝဆေး”(http://wp.me/p4XsLz-5b)
“ကလေးများနှင့် ပက်သက်၍ စိတ်ဖိစီးမှု လျှော့ချနည်းများ”( http://wp.me/p4XsLz-3d)

ဝင်းလှိုင်ဦး
ဖတ်မိသမျှ ကျန်းမာရေး ဗဟုသုတ
www.winnhlaingoo.wordpress.com
ပို့စ်များကို လွတ်လပ်စွာ ကူးယူဝေငှနိုင်ပါသည်။ ကျေးဇူးပြု၍ အမည်နှင့် ပေ့ခ်ျနာမည်ကို ချန်လှပ်ထားခြင်း မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

Leave a comment